Keyboard Layout

Keyboard Layout

အကောင်းဆုံး Layout ကို ရှာဖွေခြင်း


Keyboard Layout ဆိုတာ ဘာလဲ။

ကွန်ပျူတာ ကီးဘုတ်ပေါ်မှာရှိတဲ့ ခလုတ်တွေ၊ စာလုံးတွေ၊ သင်္ကေတတွေကို ဘယ်နေရာမှာ ဘယ်လိုထားမလဲဆိုတာကို သတ်မှတ်ထားတဲ့ စနစ်ကျပုံစံတစ်ခု ဖြစ်ပါတယ်။

  • ဘာသာစကား အလိုက် ကွဲပြားပါတယ်။ (ဥပမာ - English, မြန်မာ, Japanese)
  • ဒေသ (Region) အလိုက် ကွဲပြားနိုင်ပါတယ်။ (ဥပမာ - US English vs UK English)
  • ဒီဇိုင်း ရည်ရွယ်ချက် အလိုက် ကွဲပြားပါတယ်။ (ဥပမာ - အမြန်ရိုက်နိုင်ရန်၊ သက်တောင့်သက်သာရှိရန်)

အသုံးအများဆုံး Layout: QWERTY

QWERTY Layout Image

  • လက်နှိပ်စက်ခေတ် (၁၉ ရာစု) ကတည်းက စတင်ခဲ့ပါတယ်။
  • အားနည်းချက်: အသုံးများတဲ့ စာလုံးတွေက လက်ချောင်းတွေနဲ့ အလှမ်းဝေးတဲ့ နေရာမှာ ရှိတာကြောင့် လက်ကို မလိုအပ်ဘဲ များစွာလှုပ်ရှားရပြီး လက်ညောင်းစေနိုင်ပါတယ်။

ပိုမိုမြန်ဆန်သွက်လက်သော: Dvorak

Dvorak Layout Image

  • August Dvorak က ၁၉၃၆ မှာ တီထွင်ခဲ့ပါတယ်။
  • ရည်ရွယ်ချက်: QWERTY ထက် ပိုမြန်ပြီး သက်တောင့်သက်သာရှိရန်။
  • အားသာချက်: အသုံးအများဆုံး စာလုံးနဲ့ သရ (Vowels) တွေကို Home Row (လက်ချောင်းတွေ အလွယ်တကူ မှီနိုင်သော အလယ်တန်း) မှာ စုစည်းထားပါတယ်။

ခေတ်မီပြီး သင်ရလွယ်ကူသော: Colemak

Colemak UK Layout Image UK Colemak Colemak US Layout Image US Colemak

  • QWERTY ရဲ့ အားသာချက်နဲ့ Dvorak ရဲ့ အားသာချက်တွေကို ပေါင်းစပ်ထားပါတယ်။
  • အားသာချက်:
    • QWERTY နဲ့ အနည်းငယ်သာ ကွာခြားလို့ သင်ရလွယ်ကူပါတယ်။
    • လက်ချောင်းလှုပ်ရှားမှုကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။
    • Copy (Ctrl+C), Paste (Ctrl+V) တို့လို Shortcut Key တွေ နေရာမပြောင်းပါဘူး။

QWERTY vs Colemak: Keyboard Layouts Comparison

Posted by: carson-rutz Feb 28, 2024


+-------------------------------------------------------------------------------------------+
| `(29) | 1(02) | 2(03) | 3(04) | 4(05) | 5(06) | 6(07) | 7(08) | 8(09) | 9(0A) | 0(0B) | -(0C) | =(0D) | Backspace(0E) |
+-------------------------------------------------------------------------------------------+
| Tab(0F) | Q(10) | W(11) | E(12) | R(13) | T(14) | Y(15) | U(16) | I(17) | O(18) | P(19) | [(1A) | ](1B) | Enter(1C)     |
+-------------------------------------------------------------------------------------------+
| Caps Lock(3A) | A(1E) | S(1F) | D(20) | F(21) | G(22) | H(23) | J(24) | K(25) | L(26) | ;(27) | '(28) | \(2B)         |
+-------------------------------------------------------------------------------------------------------------+
| L. Shift(2A) | Z(2C) | X(2D) | C(2E) | V(2F) | B(30) | N(31) | M(32) | ,(33) | .(34) | /(35) | R. Shift(36)  |
+-------------------------------------------------------------------------------------------------------------+
| L. Ctrl(1D) | L. Win(E0 5B) | L. Alt(38) | Space(39) | R. Alt(E0 38) | R. Ctrl(E0 1D) |
+---------------------------------------------------------------------------------------+

US QWERTY Layout & Key Reference

ဤသည်မှာ Standard ဖြစ်သော US QWERTY Layout ၏ ပုံစံဖြစ်ပြီး၊ ခလုတ်တစ်ခုချင်းစီ၏ အပေါ်နှင့်အောက် (Shifted/Unshifted) တန်ဖိုးများကို ဖော်ပြထားပါသည်။ ၎င်းသည် Hardware Scan Code မဟုတ်ဘဲ၊ User မြင်ရသည့် Character Code ကို ရည်ညွှန်းပါသည်။

+-----+-----+-----+-----+-----+-----+-----+-----+-----+-----+-----+-----+-----+-----------+
|  `  |  1  |  2  |  3  |  4  |  5  |  6  |  7  |  8  |  9  |  0  |  -  |  =  | Backspace |
|  ~  |  !  |  @  |  #  |  $  |  %  |  ^  |  &  |  *  |  (  |  )  |  _  |  +  |           |
+-------+-----+-----+-----+-----+-----+-----+-----+-----+-----+-----+-----+-----+---------+
|  Tab  |  Q  |  W  |  E  |  R  |  T  |  Y  |  U  |  I  |  O  |  P  |  [  |  ]  |    \    |
|       |     |     |     |     |     |     |     |     |     |     |  {  |  }  |    |    |
+---------+-----+-----+-----+-----+-----+-----+-----+-----+-----+-----+-----+-----------+
| CapsLk  |  A  |  S  |  D  |  F  |  G  |  H  |  J  |  K  |  L  |  ;  |  '  |   Enter   |
|         |     |     |     |     |     |     |     |     |     |  :  |  "  |           |
+-----------+-----+-----+-----+-----+-----+-----+-----+-----+-----+-----+---------------+
|   Shift   |  Z  |  X  |  C  |  V  |  B  |  N  |  M  |  ,  |  .  |  /  |    Shift    |
|           |     |     |     |     |     |     |     |  <  |  >  |  ?  |             |
+-----+-----+-----+-----------------------------------+-----+-----+-----+-------------+
| Ctrl| Win | Alt |               Space               | Alt | Fn  | Menu|    Ctrl   |
+-----+-----+-----+-----------------------------------+-----+-----+-----+-------------+

virtual keycodes


Keyboard Hardware

Ergonomic Layouts

Ergonomic Keyboard

လက်နဲ့ လက်ကောက်ဝတ်တွေ သဘာဝအတိုင်း အနေအထားမှန်စေဖို့ အထူးဒီဇိုင်းထုတ်ထားတဲ့ ကီးဘုတ်တွေပါ။

  • Split Keyboards: ကီးဘုတ်ကို နှစ်ခြမ်းခွဲထားခြင်း။
  • Ortholinear Keyboards: ခလုတ်များကို မျဉ်းဖြောင့်အတိုင်း ညီညာစွာ စီတန်းထားခြင်း။

Engram Dygma Defy

Engram Heatmap

  • https://dygma.com/blogs/ergonomics/i-tried-an-alternative-keyboard-layout-and-i-kinda-regret-it

  • https://peterxjang.com/blog/designing-a-36-key-custom-keyboard-layout.html


မြန်မာ Keyboard Layouts

Pyidaungsu Font Logo

Unicode vs Zawgyi

  • Zawgyi: ယခင်က အသုံးများခဲ့သော်လည်း နိုင်ငံတကာစံနှုန်း (International Standard) နှင့် မကိုက်ညီပါ။
  • Unicode: နိုင်ငံတကာ စံနှုန်းဖြစ်ပြီး ဘာသာစကားအားလုံးအတွက် တစ်စုတစ်စည်းတည်း သတ်မှတ်ထားသော စနစ်ဖြစ်သည်။ လက်ရှိမှာ တရားဝင် အသုံးပြုနေတဲ့ စနစ်ပါ။
    • Windows, macOS, Android, iOS တို့မှာ Pyidaungsu Font နဲ့ Unicode Keyboard ကို အလွယ်တကူ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။

Phonetic - Romanized

အဆိုပါ Layout ကို ယေဘုယျအားဖြင့် Phonetic Keyboard Layout (အသံထွက်အခြေခံ ကီးဘုတ်) သို့မဟုတ် Romanized Input Method ဟုခေါ်ဆိုကြပါတယ်။

Apple ရဲ့ စနစ်တွင်သာ အသုံးပြုရန် ပြုလုပ်ခဲ့ပါတယ်။

Phonetic Layout ရဲ့ အလုပ်လုပ်ပုံ

ဒီစနစ်ရဲ့ အဓိက အိုင်ဒီယာကတော့ မြန်မာဗျည်းအက္ခရာတွေရဲ့ အသံထွက်ကို၊ အသံထွက်နီးစပ်ရာ English QWERTY ကီးဘုတ်ပေါ်က အက္ခရာတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပေးထားတာပါ။ ဒါကြောင့် English စာရိုက်ကျွမ်းကျင်ပြီးသားသူတွေအတွက် အလွန်သင်ယူရလွယ်ကူစေပါတယ်။


ရှေးခေတ် Apple ၏ Burmese-QWERTY (Phonetic) Layout

Unicode မပေါ်ပေါက်မီခေတ်က Mac ကွန်ပျူတာများတွင် အသုံးပြုခဲ့သော အသံထွက်အခြေခံ (Phonetic) မြန်မာကီးဘုတ် Layout ဖြစ်သည်။ ၎င်းသည် အသံထွက်တူညီသော English အက္ခရာများပေါ်တွင် မြန်မာအက္ခရာများကို အခြေခံ၍ တည်ဆောက်ထားသည်။

NOT VERIFY

Key Unshifted Shifted Key Unshifted Shifted
` a ာ (ရေးချ)
1 ! s
2 @ d
3 # f ော် ော်+့
4 $ g
5 % h ှ (ဟထိုး)
6 ^ j ျ (ယပင့်)
7 & k က
8 * l ၊ (ပုဒ်မ)
9 ( ; ် (အသတ်) ။ (ပုဒ်မကြီး)
0 ) ့ (ဝစ္စပေါက်) ¯ (မျဉ်း)
q   z
w   x ်+ျ
e   c ချ  
r   v
t b
y   n
u m  
i , , <
o ɔ . . >
p / / ?

ဘာကြောင့် ပျောက်ကွယ်သွားတာလဲ။

ဒီလို Phonetic Layout တွေဟာ အသုံးပြုရလွယ်ကူပေမယ့် Font Dependant (Font တစ်ခုကိုသာ အားကိုးရခြင်း)၊ Non-Standard (စံမရှိခြင်း) နဲ့ တခြား ကွန်ပျူတာစနစ်တွေ၊ အင်တာနက်စာမျက်နှာတွေနဲ့ အပြန်အလှန်ချိတ်ဆက်မသုံးနိုင်ခြင်း (Incompatibility) ဆိုတဲ့ ပြဿနာတွေ အများကြီးရှိခဲ့ပါတယ်။

Unicode စနစ် ပေါ်ပေါက်လာတဲ့အခါမှာတော့ ဘာသာစကားအားလုံးအတွက် နိုင်ငံတကာစံနှုန်းတစ်ခုတည်းကို သတ်မှတ်နိုင်ခဲ့တာကြောင့် Apple အပါအဝင် နည်းပညာကုမ္ပဏီအားလုံးဟာ Unicode Standard ကို ပြောင်းလဲကျင့်သုံးခဲ့ကြပါတယ်။ ဒါကြောင့် ဒီလိုအဟောင်း Layout တွေဟာ တဖြည်းဖြည်းအသုံးနည်းပြီး ပျောက်ကွယ်သွားရခြင်းဖြစ်ပါတယ်။


Windows ၏ Legacy Keyboard များ

Zawgyi မတိုင်မီနှင့် Zawgyi ခေတ်ပြိုင်တွင် Windows Platform ၌ အလွန်တွင်ကျယ်ခဲ့သော Non-Unicode (Legacy) Keyboard Layout များဖြစ်သည်။ ၎င်းတို့သည် ကိုယ်ပိုင် font နှင့် ASCII layout စနစ်များပေါ်တွင် အခြေခံထားသည်။

Win Researcher / Win Innwa Font

  • မြန်မာပြည်တွင် အစောပိုင်း အသုံးပြုခဲ့သော ကွန်ပျူတာစာစီစနစ်များထဲမှ တစ်ခုဖြစ်သည်
  • “Win Innwa” font family နှင့် တွဲဖက်အသုံးပြုရသည်။
  • Layout သည် English US Layout သာဖြစ်ပြီး မြန်မာစာအတွက် Win Layout ပုံများဖြင့် မှတ်ယူကြသည်။
  • စာသင်ကြားရေးနှင့် ရုံးလုပ်ငန်းများတွင် အချိန်တစ်ခုထိ တွင်ကျယ်စွာ အသုံးပြုခဲ့ကြသည်။

ဤ Layout များသည် သမိုင်းတွင် အရေးပါခဲ့သော်လည်း Unicode စံနှုန်းနှင့် ကိုက်ညီမှုမရှိသောကြောင့် ယနေ့ခေတ် အွန်လိုင်းစနစ်များနှင့် အလုပ်မလုပ်နိုင်တော့ဘဲ၊ စာစီစာရိုက်နှင့် ပုံနှိပ်ထုတ်ဝေရေးများတွင်သာ အသုံးများသည်။ Win Innwa နှင့် Win Reseacher ကို ယူနီကုဒ်ဗားရှင်းဖြင့်ရနိုင်ရန် အဆင့်မြှင့်တင်မှုများရှိသည်။


Custom Script Keyboard Tools များ

Keyboard Layout များ သပ်သပ်မဟုတ်ဘဲ၊ ကွန်ပျူတာတွင် Keyboard Layout များကို စိတ်ကြိုက်ဖန်တီးရန်၊ ထည့်သွင်းရန်၊ နှင့် စီမံခန့်ခွဲရန် အသုံးပြုသော Software (Engines) များဖြစ်သည်။ ၎င်းတို့သည် Unicode စနစ်ကိုပါ အပြည့်အဝ ထောက်ပံ့သည်။

Waitzar ဝိဇ္ဇာ လက်ကွက်

  • Burglish ကဲ့သို့ပင် အလွန်လူကြိုက်များသော စနစ်တစ်ခုဖြစ်သည်။
  • ၎င်းတွင်လည်း စနစ်ကျသော အသံထွက်စနစ်ပေါ်တွင်အခြေခံသည့် စာလုံးပေါင်းစနစ် ရှိသည်။
  • အသုံးပြုသူများအကြားတွင် ၎င်း၏ layout သည်လည်း ရိုက်ရလွယ်ကူသည်ဟု သတ်မှတ်ခြင်းခံရသည်။

လက်ရှိ အသုံးပြုသူ နည်းပါး

KeyMagic

  • Open-source ဖြစ်ပြီး အလွန်စွမ်းဆောင်ရည်မြင့်သော Keyboard input method engine တစ်ခုဖြစ်သည်။
  • အထူးသဖြင့် Windows နှင့် Linux အသုံးပြုသူများအကြားတွင် လူကြိုက်များသည်။
  • ရှုပ်ထွေးသော စာလုံးပေါင်းစည်းမှု (rules) များကို သတ်မှတ်နိုင်သောကြောင့် မြန်မာစာကဲ့သို့ ဘာသာစကားများအတွက် အလွန်အသုံးဝင်သည်။

ရှုပ်ထွေးသော ဘာသာစကား အလိုအလျှောက်ပြင်ဆင်ချက် အတိုကောက်စနစ် တို့ကြောင့် လိုအပ်သလို အသုံးချနိုင်

Keyman

  • SIL International မှ ဖန်တီးထားသော အလွန်ကျယ်ပြန့်သည့် keyboard customization platform ဖြစ်သည်။
  • Windows, macOS, Linux, Android, iOS, နှင့် Web ပေါ်မှာပါ အလုပ်လုပ်နိုင်သောကြောင့် Cross-Platform အားသာချက် အလွန်ကြီးမားသည်။
  • ကမ္ဘာတဝှမ်းရှိ ဘာသာစကားပေါင်း ၂၀၀၀ ကျော်အတွက် layout များကို အခမဲ့ download ရယူနိုင်သည်။

Windows ကဲ့သို့သော နေရာများတွင် တရားဝင်မရရှိနိုင်သေးသော မပါဝင်သေးသော ဘာသာစကားများစွာကို ထောက်ပံ့ပေးထားသည်။

အက္ခရာ ( Ekaya)

  • အသုံးပြုရ လွယ်ကူရှင်းလင်းပြီး မြန်မာ Unicode အသုံးပြုသူများကို အဓိကပစ်မှတ်ထားသော Keyboard manager တစ်ခုဖြစ်သည်။
  • လူကြိုက်များသော မြန်မာ Unicode layout များကို အလွယ်တကူ ထည့်သွင်းခြင်း၊ ပြောင်းလဲခြင်းများ ပြုလုပ်နိုင်သည်။

Windows XP ကာလက မြန်မာစာအတွက် အဓိကထားထုတ်လုပ်ခဲ့ပြီး လက်ရှိ အသုံးပြုသူ မရှိနိုင်လောက်တော့ပေ။

Tool အားသာချက် (Strength) အဓိက Platform
Waizar အသံထွက်စနစ်ပေါ်အခြေခံသဖြင့် လွယ်ကူ Lin, Win, Mac
KeyMagic စွမ်းဆောင်ရည်မြင့်ပြီး စိတ်ကြိုက်ပြင်ရန် လွယ်လွယ်ကူကူ Windows, Linux, Mac
Keyman Platform မျိုးစုံ (Cross-platform) နှင့် ဘာသာစကား ထောင်ချီထောက်ပံ့မှု All (Win, Mac, Linux, Mobile)
Ekaya အသုံးပြုရ အလွန်လွယ်ကူခြင်း (User-Friendly) Windows XP

Layout ကို ဘယ်လိုပြောင်းမလဲ။

သင့်ကွန်ပျူတာရဲ့ Setting ထဲမှာ အလွယ်တကူ ပြောင်းလဲနိုင်ပါတယ်။

  • Windows: Settings > Time & Language > Language & region > Add a keyboard
  • macOS: System Settings > Keyboard > Text Input > Edit... > +
  • Software: AutoHotkey (Windows) or Karabiner-Elements (macOS) လို software တွေသုံးပြီး စိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်။

ကိုယ်တိုင် Keyboard Layout ဖန်တီးခြင်း

Operating System အများစုမှာ Layout အသစ်တွေကို ဖန်တီးဖို့ ဒါမှမဟုတ် ပြင်ဆင်ဖို့အတွက် အခမဲ့ Tools တွေ ရှိပါတယ်။

  • Windows: Microsoft Keyboard Layout Creator (MSKLC)
    • Microsoft က တရားဝင်အခမဲ့ပေးထားတဲ့ tool ဖြစ်ပြီး ကိုယ်ပိုင် installer ဖိုင်အဖြစ် ထုတ်ပေးနိုင်ပါတယ်။
    • MSKLC Screenshot
  • macOS: Ukelele
    • macOS အတွက် လူသုံးများပြီး စွမ်းဆောင်ရည်မြင့်တဲ့ Layout ပြင်ဆင်ရေး tool တစ်ခုပါ။
  • Linux: XKB / iBus
    • Linux ရဲ့ core keyboard system (XKB) ကို တိုက်ရိုက်ပြင်နိုင်သလို, iBus လို input method တွေနဲ့လည်း ဖန်တီးနိုင်ပါတယ်။

Layout Template တစ်ခု တည်ဆောက်ကြည့်ခြင်း

ကိုယ်ပိုင် Layout တစ်ခုဖန်တီးမယ်ဆိုရင် ဒီအချက်တွေကို စဉ်းစားသင့်ပါတယ်။

Blank Keyboard Template

  1. Home Row is King: Home Row (အလယ်တန်း) မှာ အသုံးအများဆုံး စာလုံးတွေ (ဥပမာ - A, E, T, O, I, N) ကို အရင်ထားပါ။
  2. Finger Comfort: လက်တစ်ချောင်းချင်းစီရဲ့ သက်တောင့်သက်သာရှိမှုကို စဉ်းစားပါ။ (ဥပမာ - လက်သန်းထက် လက်ညှိုးကို ပိုသုံးစေပါ)။
  3. Alternating Hands: တွဲသုံးများတဲ့ စာလုံးအတွဲ (e.g. TH, ER, ON) တွေကို လက်တစ်ဖက်တည်းမှာ မဟုတ်ဘဲ ခွဲထားပြီး လက်တစ်ဖက်စီ ရိုက်ရအောင် စီစဉ်ပါ။
  4. Keep Shortcuts: အသုံးများတဲ့ Shortcut (Copy, Paste, Undo) နေရာတွေကို မပြောင်းဘဲ ထားမလား၊ ဒါမှမဟုတ် ပိုကောင်းတဲ့နေရာ ပြောင်းမလား စဉ်းစားပါ။

ဘယ် Layout ကို ရွေးချယ်သင့်လဲ။

အဖြေက သင့်အပေါ်မှာပဲ မူတည်ပါတယ်။

  • QWERTY ပုံစံက နေရာတိုင်းမှာ ရှိနေပြီးသားမို့ အဆင်ပြေပါတယ်။
  • Dvorak or Colemak နည်းလမ်းကတော့ စာရိုက်များသူတွေ၊ လက်ညောင်းသက်သာချင်သူတွေ၊ ပိုမြန်ချင်သူတွေအတွက် အကောင်းဆုံး ရွေးချယ်မှုပါ။
  • အကြံပြုချက်: အသစ်တစ်ခုကို သင်ယူဖို့ အချိန်ပေးနိုင်မယ်ဆိုရင် Colemak က စတင်ဖို့ အလွယ်ကူဆုံး ဖြစ်ပါလိမ့်မယ်။ (ကီးဘုတ် အသစ်ရေးမယ်ဆိုရင် Colemak ရဲ့ စံညွှန်းနဲ့ စရေးသင့်ပါတယ်။)

  • https://www.microsoft.com/en-us/download/details.aspx?id=102134
  • https://msklc-guide.github.io/
  • https://www.keyboard-layout-editor.com/
  • https://learn.microsoft.com/en-us/windows/win32/inputdev/virtual-key-codes
  • https://www.x.org/wiki/XKB/
  • https://medium.com/@damko/a-simple-humble-but-comprehensive-guide-to-xkb-for-linux-6f1ad5e13450
  • https://r12a.github.io/pickers/mymr-my/index.html
  • https://github.com/kokoye2007/ibus-table-myanmar
  • https://software.sil.org/ukelele/
  • https://burglish.my-mm.org/latest/trunk/web/testarea.htm
  • https://ratoru.com/blog/choose-the-right-base-layout
  • https://dygma.com/blogs/ergonomics/i-tried-an-alternative-keyboard-layout-and-i-kinda-regret-it
  • https://peterxjang.com/blog/designing-a-36-key-custom-keyboard-layout.html
  • https://sunaku.github.io/engram-keyboard-layout.html

လက်တွေ့ ?


ဆက်သွယ်ရန်

ကီးဘုတ် လိုအပ်သော ပြင်ဆင်လိုသော ဖြည့်စွက်လိုသော ဘာသာစကားများအတွက် ဆက်သွယ်နိုင်ပါသည်။